ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ဝမ်းတွင်း မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား/ကျောင်းသူများအနေဖြင့် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာနများဖြစ်သည့် အထက (ဝမ်းတွင်း) စာစစ်ဌာန၊ အထက (ဒိုင်ကောင်းကုန်း) စာစစ်ဌာန၊ အထက (ပင်းတလဲ) စာစစ်ဌာနစသည့် စာစစ်ဌာန (၃) ခုအား ဖွင့်လှစ်ပြီး အတွဲ(၁)ဘာသာရပ်တွင် ကျောင်းသားကျောင်းသူ(၅၇၇)ဦး၊ အတွဲ(၂)ဘာသာရပ်တွင် ကျောင်းသားကျောင်းသူ(၁၅၂)ဦး၊ အတွဲ(၇) ဘာသာရပ်တွင် ကျောင်းသား ကျောင်းသူ (၁၃၄) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၈၆၃) ဦးက ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူများအနေဖြင့် စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်း ဦးဆောင်၍ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူ ဒေါ်သီတာနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)