ဘူးသီးတောင်မြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အေးချမ်းစွာဖြေဆို

ဘူးသီးတောင် မတ်

မြန်မာနိုင်ငံတစ်ဝှမ်းတွင်၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ယနေ့နံနက် () နာရီမှ စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ စာစစ်ဌာန() ခု ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ စာစစ်ဌာန () ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် အထက () စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၅၆၆) ဦး၊ အထက () စာစစ်ဌာနတွင် (၄၉၂) ဦး၊ အထက(ခွဲ)() တွင် (၁၃၆) ဦးနှင့် အထက(ခွဲ) () တွင် (၁၈၄) ဦး စုစုပေါင်း (၁၃၇၈) ဦးတို့ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သော ကိစ္စရပ်များမဖြစ်ပေါ်ရေး၊ မသမာသောကိစ္စရပ်များ မဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အချက်မဖြစ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ပညာရေး ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာနအသီးသီး၌ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရရှိသည်။

လှကျော်( ပြန်/ဆက်)