မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မုဒုံ မတ် ၈

မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)မုဒုံစာစစ်ဌာနနှင့် အ.ထ.က(ကမာဝက်)စာစစ်ဌာန(၂)ခုဖြင့် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း၊ အ.ထ.ကခွဲ(၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၃)ကျောင်းနှင့် ပြင်ပဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ကျား(၂၃၈)ဦး၊ မ(၄၇၀)ဦး စုစုပေါင်း(၇၀၈)ဦးတို့မှ စာစစ်ဌာန(၂)ခုတို့၌ ဘာသာရပ်အလိုက် စာမေးပွဲကိုဖြေဆိုလျက်ရှိကြောင်း သိရသည်။

မုဒုံသူ