ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား မျိုးကွဲပယ်ပေါင်းနုတ်ခြင်း လုပ်ငန်းများဆောင်ရွက်

ကျောက်ဆည် စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ တောင်သူများ စီးပွားရေးထိခိုက်မှုမရှိစေရေးနှင့် သီးနှံထွက်နှုန်း တိုးတက်အောင်မြင်စေရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း(၃၃)ရွာရှိ ဒေသခံတောင်သူများ၏ စပါးလယ်မြေများတွင် (CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးအောင်သန်းထိုက်နှင့်တာဝန်ရှိသူများက မင်းရဲ နည်းပညာပေးရှေ့တန်စခန်းရှိ မျိုးစပါးမျိုးစေ့ထုတ် စပါးခင်းမျးအား မျိုးကွဲပယ်၊ ပေါင်းနုတ်ခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မျိုးစေ့ထုတ်လုပ်ငန်းများ ဆောက်ရွက်ရာတွင် မျိုးသန့်မျိုးစေ့များရရှိရေးအတွက်  ပင်စည်ပွားချိန်၊ အနှံထွက်ချိန်နှင့် စပါးရင့်မှဲ့ချိန်များတွင် မျိုးကွဲပယ်ရမည်ဖြစ်သဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံဦးအောင်သန်းထိုက်သည် စိုက်ခင်းပိုင်ရှင်နှင့်အတူစပါးခင်းအား စတင် စိုက်ပျိုးချိန်မှ စ၍ စိုက်ကွင်းကို အမြဲမပြတ်ကြည့်ရှုပြီး မျိုးကွဲပင်များဖြစ်သည့် မြတ်သီးနှံပင်၊အခြားစပါးမျိုးများအား တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ချက်ခြင်းနုတ်ပယ် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာပေါင်း(၃၃)ရွာရှိ တောင်သူ(၁၄၅)ဦးတို့မှ မင်းရဲ နည်းပညာပေး ရှေ့တန်းစခန်းတွင် (၁၇၅.၆၀)ဧက၊ သင်းတွဲ  နည်းပညာပေးရှေ့တန်းစခန်းတွင်(၁၁၃.၆၇)ဧက၊ သင်းဒီး နည်းပညာပေးရှေ့တန်းစခန်း တွင်(၁၆၄.၅၉)ဧက၊ ထုံးကြီး နည်းပညာပေး ရှေ့တန်း စခန်းတွင် (၆၃.၆၇)ဧက၊ စမာနည်းပညာပေးရှေ့တန်းစခန်း တွင်(၃၂.၂)ဧက၊ တမုတ် နည်းပညာပေး ရှေ့တန်းခန်းတွင်(၁၁၂.၉၉)_ဧက စုစုပေါင်း လယ်မြေဧက (၆၁၆)ဧကတွင် ဧရာမင်းမျိုးသန့် များစပါးများ စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

 သက်မောင်(ကျောက်ဆည်)