မြစ်သား မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ရွှေသူဌေးရပ်ကွက်တွင် မြို့နယ်စည်ပင်သာယာရေးဖွဲ့ပိုင် ပန်းသီတာစျေးအား ဆောက်လုပ်နေမှုအခြေအနေ ၂၀% ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။
အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှပန်းသီတာစျေး ဆောက်လုပ်နိုင်ရေးအတွက် (i-Mandalay) ကုမ္ပဏီကတာဝန်ယူပြီး ကျပ်သိန်းပေါင်း (၈၀၀၀)ကျော်ကုန်ကျခံကာ စျေးဆိုင်ခန်းများ ဆောက်လုပ်လျက်ရှိရာ တိုက်ခန်း A မှ (၁၀X၁၆X၁၅) မြင့် ထပ်ခိုးပါရှိရာ ခန်းပေါင်း (၅၀)ခန်းရှိ တစ်ခန်းလျှင် ကျပ်သိန်း (၁၆၀ )ကိုလည်းကောင်း၊ တိုက်ခန်း B မှ (၈X၁၀X၁၂) မြင့် ခန်းပေါင်း (၂၇)ခန်း တစ်ခန်းလျှင်ကျပ်သိန်း (၁၀၀) ကိုလည်းကောင်း၊ တိုက်ခန်း C မှ (၈X၈X၉.၆) မြင့် ခန်းပေါင်း(၅၀)ခန်း တစ်ခန်းလျှင်ကျပ်သိန်း (၅၀)တို့ကိုလည်းကောင်း တန်းဘိုးငွေပေါ်မှုတည်ပြီး အရစ်ကျ (၃) ရစ် ပေးသွင်းသည့် စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ ထို့သို့ရောင်းချရာ၌ ဆိုင်ခန်းတစ်ခန်းတွင် တစ်ဦးထက်ပိုပြီး ဝယ်ယူရန်လျှောက်ထားလာပါက ၎င်းဆိုင်ခန်းဝယ်ယူလိုသူများအား စျေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)