ဟိုပန်မြို့၌ Cash For Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်

ဟိုပန်  စက်တင်ဘာ   ၃၀

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဖတ်ဟာ(ရွာမ) ကျေးရွာ၊ ဖာလင်ကျေးရွာနှင့် ပန်မော့ကျေးရွာတို့တွင် Cash For Work စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ဖတ်ဟာ (ရွာမ)ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း(၆၀၀’x ၁၂’x”)အားလည်းကောင်း၊ ဖာလင်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း(၇၅၀’x၁၂’x”)အားလည်းကောင်း၊ ပန်မော့ကျေးရွာ တွင် ကွန်ကရစ်လမ်းခင်းခြင်း(၇၆၀’x၁၂’x”)အားလည်းကောင်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်မှ ကျေးရွာ()ရွာလျှင် ကျပ်သိန်း(၁၀၀)နှုန်းစီထောက်ပံ့ပေးအပ်ခဲ့သည်။      Cash For Work စီမံကိန်း လုပ်ငန်းရည်ရွယ်ချက်များအရ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျေးရွာများရှိ ကျေးလက်နေ ပြည်သူလူထုမှ ၎င်းတို့ကိုယ်တိုင်ရွေးချယ်ခဲ့သော ကျေးရွာလိုအပ်ချက်အရ ကျေးရွာတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာသူ/ ကျေးရွာသားများ ကိုယ်တိုင် နိုင်ငံတော်မှ သတ်မှတ်သော လုပ်အားခရယူခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်စေသော စီမံကိန်းဖြစ်သည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် ဖတ်ဟာကျေးရွာမှ ပစ္စည်းတန်ဖိုး(၄၀ရာခိုင်နှုန်း)နှင့် လုပ်အားတန်ဖိုး (၆၀ရာခိုင်နှုန်း) ဖာလင်ကျေးရွာမှ ပစ္စည်းတန်ဖိုး(၃၈ရာခိုင်နှုန်း)နှင့် လုပ်အားတန်ဖိုး(၆၂ရာခိုင်နှုန်း) ပန်မော့ကျေးရွာမှ ပစ္စည်းတန်ဖိုး(၃၂ရာခိုင်နှုန်း)နှင့် လုပ်အားတန်ဖိုး(၆၈ရာခိုင်နှုန်း) အသီးသီးဆောင်ရွက်ခဲ့ကြသဖြင့် ကျေးရွာ()ရွာရှိ အိမ်ထောင်စု(၁၂၀)မှ လုပ်သား(၂၁၅၄)ဦး ပါဝင်ဆောင်ရွက်ခဲ့ကြကာ တစ်ရက်လုပ်အားခ ကျွမ်းကျင် လုပ်သားတစ်ဦးလျှင် တစ်သောင်းကျပ်နှင့် ရိုးရိုးလုပ်သားတစ်ဦးလျှင်ခြောက်ထောင်ကျပ်နှုန်း သတ်မှတ်ရာ ကျပ်(၁၈၅)သိန်းကျော်ခန့် လုပ်အားခရရှိပြီး ကျေးရွာပြည်သူများအား အကျိုးပြုနိုင်ခဲ့သည်။

ကျေးရွာတစ်ရွာလျှင် ပျှမ်းမျှအလုပ်လုပ်ရက်မှာ(၂၈)ရက်ဖြစ်ပြီး စာရင်းဇယားထိန်းသိမ်းခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် နည်းပညာအကူအညီများကို ဟိုပန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသိုက်စိုးနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)