လဲချားတွင် မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏ်ပြုကြိုဆို

လဲချား          မတ်            ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဟော်ခမ်းကျောင်းစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသုဘောဂါဘိပါလ ဆရာတော်အား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ညနေ (၄)နာရီအချိန်က ဂုဏ်ပြုကြိုဆိုခဲ့ ကြသည်။

ထိုသို့ နိုင်ငံတော်မှ ချီးမြှင့်သော မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဟော်ခမ်းကျောင်း စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသုဘောဂါဘိပါလဆရာတော်အား ဂုဏ်ပြုကြိုဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက လဲချားမြို့အဝင်မှ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ဂုဏ်ပြုမော်တော်ယာဥ်ပလ္လင်ဖြင့် ပင့်ဆောင်ကာ အများပြည်သူကြည်ညိုစေရန်အတွက် လှည့်လည်အပူဇော်ခံပြီး ဆရာတော်သီတင်းသုံးရာ ဟော်ခမ်းကျောင်းစာသင်တိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လဲချား(ပြန်/ဆက်)