တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ဆောင်ရွက်ပေး

ရမ်းဗြဲ မတ် ၈

တပ်မတော်နယ်လှည့်ဆေးကုသရေး အထူးကုဆရာဝန်ကြီးများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယဉ်(သံလွင်)သည် ယမန်နေ့ နံနက် ၈ နာရီက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီ မော်ကျေးရွာအုပ်စု၊ ဟုံးဝဆိပ်ကမ်းသို့ရောက်ရှိရာ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခင်မောင်သန်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာကော်မတီဝင်များနှင့် ဆရာ/ဆရာမများက သောင်းသောင်းဖြဖြလှိုက်လှဲစွာကြိုဆိုကြသည်။

ထို့နောက် တပ်မတော်နယ်လှည့်ဆေးကုသရေးအထူးကုဆရာဝန်ကြီးများသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးရာ ကျောက်နီမော်တိုက်နယ်ဆေးရုံခသစ်အတွင်းတွင် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)  တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ တွင်ပါဝင်သည့် ရောဂါဗေဒပါရဂူ၊ပြည်သူ့ကျန်းမာရေးပါရဂူ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊  သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊  ခွဲစိပ်ပါရဂူ၊  ကလေးအထူးကုဆရာဝန်ကြီး၊  အရိုးအကြော အထူးကုဆရဝန်ကြီးများ သွားအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများ မေ့ဆေးပါရဂူ၊ ဓာတ်ခွဲပါဂူနှင့် ဓာတ်မှန်ပါရဂူတို့သည် ကျောက်နီမော်ကျေးရွာ အုပ်စုဒေသအတွင်းရှိ  ဆေးကုသလိုသည့်  ဒေသခံပြည်သူများအား ရောဂါရှာဖွေစမ်းသပ်ပေးပြီး လိုအပ်သည့်ဆေးဝါးများဖြင့် (အခမဲ့) ဆေးကုသပေးလျက်ရှိပြီး (၇-၃-၂၀၂၃) ရက်နေ့မှ (၈-၃-၂၀၂၃) နေ့ အထိကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)