သိန္နီ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ တပေါင်းဈေးကွင်းအတွင်း ယာယီဖွင့်လှစ်ထားသော ပျံကျဈေးအတွင်း၌ ဈေးရောင်းသူဈေးဝယ်သူများ လိုက်နာရမည့် ညွှန်ကြားချက်များကို လက်ကိုင်အသံချဲ့စက်ဖြင့် တစ်ရက်လျှင်(၂)ကြိမ် နေ့စဉ် အသိပေးကြေညာခြင်းကို ယနေ့ နံနက် (၇) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများကို အမြန်ဆုံးထိန်းချုပ်ကျော်လွှားနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးညီညီမောင် ဦးဆောင်သောအဖွဲ့က ဈေးရောင်းသူဈေးဝယ်သူများ လိုက်နာရမည့် ညွှန်ကြားချက်များကို လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ဖိုးချို (ပြန်/ဆက်)