မိုင်းတုံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းတုံ     မတ်   ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊မိုင်းတုံမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊‌ ကျောင်းသူများ စာမေးပွဲဖြေဆိုရန်  ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော်နှင့်အဖွဲ့၊ ခရိုင်ရဲမှူး ဝင်းမြင့်ထွန်းနှင့်အဖွဲ့  ခရိုင်လဝကနှင့်အဖွဲ့၊ ခရိုင်ပညာရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့နှင့်  မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

စစ်ဆေးရာ၌ အ.ထ.က(မိုင်းတုံ) စာသင်ကျောင်းဝန်းအတွင်းပြင်ဆင်ထားရှိမှုများ၊ စာသင်ခန်း အတွင်းအပြင်  ပြင်ဆင်ထားရှိမှုများ၊ စာသင်ခုံများ ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေးခြင်း၊ အေးချမ်းစွာ ဖြေဆိုနိုင်ရန် စာသင်ခန်းအတွင်း လျှပ်စစ်မီးကြိုးများ စစ်ဆေးခြင်း၊  မီးချိတ်၊ မီးကပ်၊ ရေသိုလှောင်ကန်များ၊ မီးသတ်ဆေးဘူး ထားရှိခြင်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ကိုမှာကြားပေါင်းစပ်ပေးခဲ့သည်။ အဆိုပါတက္ကသိုလ်ဝင် တန်းစာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ)