လှည်းကူးမြို့နယ်တွင် “အံ့သြစရာ ရိုးရာဓလေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

လှည်းကူး မတ် ၇ 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာအောင်သင်း၏ အံသြစရာရိုးရာဓလေ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေး နွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်များရရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည်လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ ဦးကျော်မင်းညွှန့်နှင့် ဆရာဒုံး တို့ကအဆိုပါစာအုပ်တွင် ပါရှိသည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အပြန်အလှန် ဆွေးနွေးကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ ဆက်)