မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

မချမ်းဘော့ မတ် ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့နေ့လယ် ၁၂နာရီက လူထုအခြေပြု ဗဟိုဌာနရှိ ကလေးစာဖတ်ခန်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ မချမ်းဘော့မြို့နယ် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် မအက်စတာက ကြက်ကလေးများ ခေါင်းစဥ်ပါ စာအုပ်ဖြင့်လည်းကောင်း၊ မောင်လွန်းဆားရ်က ပူးဝါးတို့မိသားစု ခေါင်းစဥ်ပါ စာအုပ်ဖြင့်လည်းကောင်း၊ မောင်ခေါ့ဆန့်က အစာရှာထွက်မယ် ခေါင်းစဥ်ပါ စာအုပ်ဖြင့်လည်းကောင်း၊ စာဖတ်ပရိတ်သတ် မဇမီအောင်က စိတ်ကူးယဥ်သောဖားကလေး ခေါင်းစဥ်စာအုပ်ဖြင့်ကောင်း၊ မဧကရီကျော်က ဝါဝါနဲ့ခွေးကလေး ခေါင်းစဥ်စာအုပ်ဖြင့် လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မချမ်းဘော့မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်စွမ်းရည် မြင့်မားရေး စာဖတ်ဝိုင်းများ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ စိတ်ကူးဥာဏ်ရင့်သန်စေရေး ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများကို အပတ်စဥ် အင်္ဂါနေ့တိုင်း ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)