ဒလမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒလ မတ် ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ကအချိန်က စာရေးဆရာကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသည့် လူငယ်များအတွက် သိပ္ပံသုတစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူများအသင်း(Youth Club)အဖွဲ့ဝင် ဉီးကျော်စည်သူက စာရေးဆရာကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသည့် လူငယ်များအတွက် သိပ္ပံသုတစာအုပ်ထဲမှာပါသည့် နိုင်ငံတကာအာကာသစခန်းများ၊ ကွန်ပျူတာနည်းပညာများ၊ ယနေ့အသုံးပြုနေသော စမတ်ဖုန်းများစသည့် အကြောင်းအရာများကို တက်ရောက်လာသော စာပေချစ်ဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟု သုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှ တစ်ဆင့်စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များဌားရမ်းပေးခြင်း၊ (Talk Show)နှင့် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

မြင့်ဇော် (ပြန်/ဆက်)