ဟိုပုံး မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့သို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မိုးလှိုင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် စာဖြေခန်းများ ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေတို့ကိုလည်းကောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင် ရွက်ထားရှိမှု၊ ရေကန်များ ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေအသင့်ထားရှိမှု အခြေအနေများနှင့် ဆေးပေးခန်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဟိုပုံးမြို့နယ်တွင် စာစစ်ဌာန(၁)ခုဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား(၁၀၀)ဦး၊ ကျောင်းသူ(၂၁၆)ဦး၊ စုစုပေါင်း(၃၁၆)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)