ကျောက်မဲမြို့တွင် မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏ်ပြုကြိုဆို

ကျောက်မဲ မတ် ၇

နိုင်ငံတော်မှ ဆက်ကပ်ချီးမြှင့်သော မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အားယူဆောင်၍ တောင်ကြီးမြို့မှ ပြန်လည်ကြွချီတော်မူလာသော ကျောက်မဲမြို့၊(၇) ရပ်ကွက်၊မကုဋဝတီကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တပညာဗလ အရှင်သူမြတ်အား ဂုဏ်ပြုကြိုဆိုပွဲကို ကျောက်မဲမြို့ ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုကြိုဆိုရာသို့ ကျောက်မဲမြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ(၅၀)ဦးခန့် လာရောက်ကြိုဆို ခဲ့ကြသည်။ ထို့နောက် ဆရာတော်အား ကျောက်မဲမြို့အဝင်မုခ်ဦးမှကြိုဆို၍ ဂုဏ်ပြုမော်တော်ယာဉ်ပလ္လင်ထက်သို့ ပင့်ဆောင်ကာ အများပြည်သူကြည်ညိုစေရန် အတွက် ပင်လုံလမ်းမကြီးတစ်လျှောက် လှည့်လည်ကြည်ညို အပူဇော်ခံပြီး ဆရာတော်သီတင်းသုံးနေထိုင်ရာ မကုဋဝတီကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆရာတော် သီတင်းသုံးနေထိုင်ရာ မကုဋဝတီကျောင်းတိုက်အတွင်း ကမ္မဋ္ဌာန်းရိပ်သာဖွင့်လှစ်၍ ကမ္မဋ္ဌာန်းတရားပြခြင်းနှင့် သာသနာရေးဆိုင်ရာ လုပ်ငန်းများဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ရှင်သာမဏေများကိုလည်း ပရိယတ္တိစာပေများ သင်ကြားပေးလျက်ရှိကြောင်း၊ ယခု မဟာဂန္တဝါစက ပဏ္ဍိတဘွဲ့တံဆိပ်ဆက်ကပ်ရရှိသည့်အတွက် တပည့်ဒါယိကာ၊ဒါယိကာမများနှင့် မြို့နယ်မှပြည်သူများက ဝမ်းမြှောက်ကြည်ညိုလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)၀၉၉၆၄၇၃၀၆၅၁