ကျိုက်မ ရော မတ် ၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မေသရဖူပရဟိတအသင်းတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် ပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မေသရဖူပရဟိအဖွဲ့ခေါင်းဆောင်ဒေါ်မိုးမိုးစံက ကလေးသူငယ်များနှင့်ပတ်သက်သည့် အခွင့်အရေးနှင့်ပတ်ဝန်းကျင်တွင် ငယ်ရွယ်သော ကလေးသူငယ်များခိုင်းစေခြင်းကို တားမြစ်ခြင်းနှင့်ပတ်သက်၍ အသက် ၁၄ နှစ်မပြည့်သေးသော
မည်သူကိုမဆို ဆိုင်တစ်ခု၌ဖြစ်စ၊ အလုပ်ဌာနတစ်ခု၌ဖြစ်စေ၊ အလုပ်မလုပ်စေရ(သို့မဟုတ်) လုပ်ခွင့်မပြုရ၊ မည်သည့်ကလေးသူငယ်ကိုမျှ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းမပြုရစသည့် ကလေးသူငယ်ဥပဒေများနှင့် ကလေး သူငယ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်၏အခွင့်အရေးများကိုပြည်သူများ သိရှိနားလည်စေရန် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကျိုက်မရောမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အပတ်စဥ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲ(Talk Show)များကို အွန်လိုင်းမှတစ်ဆင့် လစဥ်အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)