ကျိုင်းတုံ မတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့ နာရီစင်ရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။
ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဗူးများ၊ ခေါက်ဆွဲခြောက်၊ ဘီစကွတ်၊ စားသောက်ကုန်ပစ္စည်းများ၊ တပ်မတော်သားများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များစသည့် စားသောက်ကုန်အမျိုးမျိုးကို ပြင်ပပေါက်ဈေးများထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)