မောင်တော မတ် ၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်ခံရသော (၃)မိုင်ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတိုက်ဆရာတော်ကြီးသည် ယမန်နေ့ညနေပိုင်းက မြို့ တစ်ပတ်လှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ (၃)မိုင်ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတိုက်ဆရာတော်အား ၁၃၈၄ ခု၊ တပေါင်းလပြည့်နေ့တွင် နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် (မဟာသဒ္ဓမ္မဇောတိကဓဇ)ဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆက်ကပ်ခဲ့သည့် ဘွဲ့တံဆိပ်တော်နှင့်အတူ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက်၊ (၃)မိုင်သာစည်ကျေးရွာ၊ (၃)မိုင်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒာသီရိ (မဟာသဒ္ဓမ္မဇောတိကဓဇ)ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရားကြီးအား တပည့်ရဟန်းသံဃာ၊ ဒါယကာ၊ ဒါယိကာမအပေါင်းတို့က ဂုဏ်ပြုကြိုဆို ပင့်ဆောင်ပြီး ကြိုဆိုရေးမင်္ဂလာယာဉ်တန်းဖြင့် မောင်တောမြို့ပေါ်ရပ်ကွက်များအတွင်း မြို့တစ်ပတ်လှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)