မိုင်းခတ်တွင် နွေရာသီအားကစားအ‌ခြေခံသင်တန်း စတင်ဖွင့်လှစ်၍ အခမဲ့သင်ကြားပေး

မိုင်းခတ် မတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းကို မြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် မတ်လ ၅ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါသင်တန်းတွင် ဘောလုံး၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒိုနှင့် Fitness Dance စသည့် အားကစားနည်း (၅)မျိုးကို မြို့မအားကစားကွင်း၊ မြို့နယ်အားကစားရုံနှင့် လေ့ကျင့်ရေးရုံ (စွပ်ပလောင်း) တို့တွင် ၅-၃-၂၀၂၂ရက်နေ့မှ၂၀-၃-၂၀၂၂ရက်နေ့အထိ(၁၄)ရက်ကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထပ်မံစာရင်းပေးသွင်းမည့် သင်တန်းသားများကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေး၊ မြို့နယ်/ခရိုင်/ပြည်နယ် ကိုယ်စားပြုအားကစားသမားများမှတဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်း လုပ်ငန်းများကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ နွေရာသီ အားကစားအခြေခံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး  နံနက် (၉)နာရီမှ နံနက် (၁၁)နာရီနှင့် မွန်းလွဲ (၃)နာရီမှ ညနေ(၅)နာရီအထိ နေ့စဥ်သင်တန်းချိန်(၂)ချိန်ဖွင့်လှစ်၍ သက်ဆိုင်ရာ အားကစားနည်းပြများက အားကစား အမျိုးအစားအလိုက် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်‌ဌေးထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်