တုံတာ မတ်လ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ ယနေ့နံနက်(၉)နာရီတွင် ရပ်ကွက်-၄ နယ်လှည့်ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ဒေါ်အဲန်းမေရီက မူးယစ်ဝါးအကြောင်းသိကောင်းစရာနှင့် စမ်းသပ်စရာ မဟုတ်သည့် အကြောင်းကို ဟောပြောပြီးနောက် ရပ်ကွက်နေပြည်သူနှင့် ကလေးများကို ဝန်ထမ်းများ သယ်ဆောင်လာသော စာအုပ်များဖြင့် ကလေးများ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန် ရည်ရွယ်၍၊ စာအုပ်စာစောင်များပြသပေးခြင်း ကလေးများအား နားလည်အောင် ရှင်းလင်းပြောကြားပြီး အသိပညာရရှိစေရန် မူးယစ်ဆေးဝါးတားဆီးရေး အသိပညာပေး နံရံကပ်စာစောင်အား ရပ်ကွက်နေပြည်သူများနှင့် ကလေးများ အသိပညာဗဟုသုတများ ရရှိစေပြီး မှတ်သားထားတတ်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်ပြီး ပြသပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဲန်းမေရီ