တန့်ယန်းမြို့နယ်တွင် ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ကြိုဆိုပင့်ဆောင် ဂုဏ်ပြုပူဇော်

တန့်ယန်း မတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်ချီးမြှင့်သော ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အမှတ်(၁၀)ရပ်ကွက်ရှိ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တဒေဝိန္ဒောဘာသအား ကြိုဆိုပင့်ဆောင် ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။‌ေအဆိုပါ ကြိုဆိုပင့်ဆောင်ဂုဏ်ပြုပွဲသို့ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်းနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူများ၊ မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက မြို့ဝင်မုခ်ဦးမှ စတင်၍ ကြိုဆိုပင့်ဆောင်ခဲ့ကြသည်။

ထို့နောက် ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ ဒေဝိန္ဒောဘာသအား ဂုဏ်ပြုမော်တော်ယာဉ် ပလ္လင်ထက်သို့ ပင့်ဆောင်ကာ အများပြည်သူများ ကြည်ညိုနိုင်စေရန်အတွက် ဗိုလ်ချုပ်လမ်းအတိုင်း လှည့်လည် အပူဇော်ခံပြီး ဆရာတော် သီတင်းသုံးနေထိုင်ရာ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်၌ ဂုဏ်ပြုပူဇော်ခဲ့ကြကြောင်း သိရသည်။                         

မင်းလွင်ဦး(ပြန်/ဆက်)