ဒလ မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် သင်္ဘောကျင်းတွင် အရန်မီးသတ်တပ်ဖွဲ့အကြို အခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။အခမ်းအနားတွင် ဒလသင်္ဘောကျင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးသိန်းနိုင်က သင်တန်းသားများအား အခြေခံမီးသတ်ပညာရပ်များကို အလေးထားတက်ရောက်ရန်၊ မိမိဌာန မီးဘေးလုံခြုံရေးအတွက် ကြိုးစားသင်ယူကြရန်၊ မိမိရပ်ကွက်တွင်လည်း မတော်တဆ မီးလောင်မှုဖြစ်ပွားပါက ဝိုင်းဝန်းကူညီပေးကြရန်၊ စည်းကမ်းနှင့်အညီကြိုးစားသင်ယူ လေ့လာကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အောင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်တို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ(၆)ရက်နေ့မှ(၁၅) ရက်နေ့အထိဖြစ်ပြီး၊ သင်တန်းနည်းပြ (၃)ဦးဖြင့် သင်တန်းသား (၂၄)ဦးတို့အား လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။
မြင့်ဇော်(ပြန်/ ဆက်)