ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိုကာကွယ်ပေးထားသော ဥပဒေများအကြောင်း အသိပညာပေး Talk Show ကျင်းပ

နေပြည်တော် မတ် ၇

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကာကွယ်ပေးထားသော ဥပဒေများအကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါ Talk Show တွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို ကာကွယ်ပေးထားသော ဥပဒေများအကြောင်းနှင့်ပတ်သက်၍  အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရေးအတွက် Online မှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခုဆွေးနွေးမှုအပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)