မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာ၌ အိမ်ခြေ(၄၅)အိမ်အား လေပြင်ဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ် များ ဖြစ်စေရေး အားဖြည့်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုးညှင်း မတ် ၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် အိမ်ခြေ (၄၅)အိမ်အား လေပြင်းဒဏ် ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များအနေဖြင့် ပြင်ဆင်မွမ်းမံရန် လိုအပ်သော အချက် အလက်များကို ကောက်ယူ၍ ဝိုင်းဝန်းအဖြေရှာရင်း လိုအပ်သောပစ္စည်များကို ဖြည့်ဆည်းပေးနိုင်ပြီး ခိုင်ခံ့မှု ရှိသော အိုးအိမ်များ ဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးလဖိုင်ဇော်ဂေါင်က လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များ ဖြစ်စေရေးအတွက် အားဖြည့်မွမ်းမံ ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အဆင့်ဆင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များက သိရှိလိုသည်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအား အသီးသီးဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်ချက်များကို လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ရွှေမိုးညှင်း