ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်စေရေးစာစစစ်ဌာနများ ပြင်ဆင်ထားရှိမှုကို တာဝန်ရှိသူများ လှည့်လည်စစ်ဆေး

ကျောက်ပန်းတောင်း မတ် ၇

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ(၈)ရက်နေ့တွင် နိုင်ငံနှင့်တဝှမ်း ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ၊ စာမေးပွဲအောင်မြင်စွာကျင်းပသွားနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို စိတ်ချမ်းသာစွာနှင့် လုံခြုံစိတ်ချစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ရာ၊ အဆိုပါပြင်ဆင်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို၊ စာစစ်ဌာန(၄)ခု ဖွင့်လှစ်ဆောင်ရွက်ပေးသွာမည်ဖြစ်ကြောင်းသိရပြီး၊ အဆိုပါစာစစ်ဌာနများမှာ မှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပင်မ) စာစစ်ဌာနနှင့် (တိုးချဲ့)စာစစ်ဌာန၊ ပုပ္ပားအ.ထ.ကစာစစ်ဌာန၊ လက်ပံပျား အ.ထ.က စာစစ်ဌာနတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၁၆၄)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရပြီး၊ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာယာစွာနှင့် လုံခြုံစိတ်ချစွာ ဝင်ရောက်ဖြေဆိုနိုင်ကြရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးကျော်နိုင်လင်းနှင့်ဒုတိယဦးစီးမှူး ဦးမျိုးပိုင်သူထွေး၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှတာဝန်ရှိသူတို့ လိုက်ပါလျက် စာစစ်ဌာနများတွင် စာမေးပွဲခန်းပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် အပြင်စည်း/အတွင်းစည်း လုံခြုံရေးစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများက ရှင်းလင်းပြသကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)