မရမ်းကုန်း မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre)၌ ယနေ့မွန်းလွဲ ၃နာရီအချိန်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းချီသင်တန်းတွင် မြို့နယ်စာရေးဆရာမြေလတ်ထင်ကျော်မိုး၊ ဆရာဦးကျော်ဇင်ဝင်းနှင့် ပန်းချီဆရာမ လမင်းအိမ်တို့က အသီးသီးအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးအောင်က ယခုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် မှာနွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကလေးများအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တီတွင်ဖန်တီးတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေကိုချစ်မြတ်နိုးတတ်စေရန်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပန်းချီသင်တန်းတွင် သင်တန်းနည်းပြဆရာမလမင်းအိမ်မှ ခြေခံပန်းချီရေးဆွဲနည်းများနှင့်အရောင်လေးများအကြောင်းကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ၆-၃-၂၀၂၃ ရက်နေ့မှ ၁၀-၃-၂၀၂၃ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ၃နာရီအထိ (အခမဲ့)သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် စုစုပေါင်းသင်တန်းသားဦးရေ (၃၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ ဆက်)