ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်-၂၅ နှစ်အောက် (U-25) အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကျင်းပ

ပေါက်တော မတ် ၇

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်-၂၅ နှစ်အောက် (U-25) အမျိုးသား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို ယမန်နေ့ညနေ ၃ နာရီက ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်း၌ ကျင်းပသည်။

အကြိုဗိုလ်လုပွဲစဉ်တွင် ဟာရီကိန်းအသင်း က  အမဲလိုက်ကအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ဗိုလ်လုပွဲစဉ်ကို မတ် ၇ ရက် ညနေ ၃ နာရီတွင် ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်း၌ ကန်ချောင်းအသင်းနှင့် ဟာရီကိန်း အသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  ဆရာဆရာမများ၊ ကျောင်းသား/ ကျောင်းသားများ၊ အားကစားသမားများနှင့် အားကစားကို စိတ်ဝင်စားသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)