မိုးညှင်း မတ် ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက စုပေါင်းရုံးရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်အနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠ ဦးညီညီလွင်က ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ အသက်အရွယ်နှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များ၊ သင်တန်းကျောင်း ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ၊ ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက် ခြင်းများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များစသည့် အကြောင်း အရာများကို ဟောပြောခဲ့သည်။
ထို့နောက် ယင်းဟောပြောပွဲသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများမှ သိရှိလိုသည်များကို အသီးသီးဆွေးနွေးကြရာ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြန်လည် ဆွေးနွေးပေးခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေစာအုပ်ကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း