ချမ်းမြသာစည် မတ် ၇
၂၀၂၃ ခုနှစ် မတ်လ၈ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာဖြေဆိုနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး၊ ဒုတိယမီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့၀င်များသည် စာစစ်ဌာနများ မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုတ်ခုံများ ကောင်းမွန်မှုရှိ/မရှိ၊ စာဖြေဆောင်အတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းနိုင်မှု ရှိ/မရှိ၊ ရေငုတ်များ ရေသွယ်ပိုက်များ ကောင်းမွန်မှုရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ကောင်းမွန်မှုရှိ/မရှိ၊ ကြည့်ရှုစစ်ဆေးပြီးနောက် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အလွယ်တကူ မီးငြှိမ်းသတ်နိုင်စေရန် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း ကို လက်တွေ့လမ်းညွှန်ပြသပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးက စာစစ်ဌာန ကြီးကြပ်ရေးမှူးတာ၀န် ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများအား စာစစ်ဌာနမီးဘေးလုံခြုံစေရေးအတွက် လိုအပ်သည်များကို အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စိမ်းဝင်း(ပြန်/ဆက်)