ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်စာစစ်ဌာနများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဝမ်းတွင်း  မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်စာစစ်ဌာနများ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း (ဝမ်းတွင်း)တွင် ဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင်း မီးဘေးအန္တရာယ် ကင်းဝေးပြီး ကျောင်းသား/သူများအနေဖြင့် စိတ်အေးချမ်းသာစွာဖြင့်ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာနများအတွင်း မီးဘေးအန္တရာယ် ကင်းဝေးရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲခြင်းရှိ/မရှိ၊ မီးခလုတ်များကောင်း/မကောင်းစစ်ဆေးခြင်း၊ မီးသတ်ဆေးဗူးများ ထားရှိမှုနှင့် ရေလှောင်ကန်များတွင် ရေသိုလှောင်မှုများကို စစ်ဆေး ခြင်း၊ စာဖြေဆောင်များတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအားစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ဦးဆောင်၍ စခန်းတာဝန်ခံအရာရှိများ၊ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြပြီး အခြေခံပညာကျောင်းများရှိ ကျောင်းတာဝန်ခံ ဆရာ/ဆရာမကြီးက အကြံပြုဆွေးနွေးခြင်းများအပေါ် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရဲမျိုးသက်