တောင်သာမြို့နယ်ရှိ ကျေးရွာ (၁၀)ခုတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

တောင်သာ   မတ်

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာ ၁၀ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကျေးရွာ() ရွာ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ကျေးရွာ()တို့၌ ဖွံ့ဖြိုးရေးလုပ်ငန်းအားလုံး ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အင်​​ကြင်းသာ ကုန်ထုတ်လမ်းကို မိုင်နှင့် .၇၃ ဖာလုံကို လင်းလက်ပြည့်စုံအောင်ကုမ္ပဏီက တင်ဒါအောင်မြင်ငွေ ၁၃၉ ဒဿမ၂၈၉ သန်းဖြင့် လည်းကောင်း၊ ကျေးရွာ()ရွာ ရေရရှိရေးလုပ်ငန်း () ခုကို Royal We ကုမ္ပဏီက တင်ဒါအောင်မြင်ငွေ ၁၀၄ ဒဿမ ၁၁၇ သန်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အောင်ဇေဖြိုးကျေးရွာ ကုန်ထုတ် လမ်း (/) မိုင်ကို စိန်ထွန်းစိုင်ကုမ္ပဏီက တင်ဒါအောင်မြင်ငွေ ၃၀ ဒဿမ ၆၉၂ သန်းဖြင့် လည်း ကောင်း၊ ကျေးရွာ()ရွာမှ မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်းကို (၅၉ ဒဿမ ၆၄၅)သန်းဖြင့်  ဌာနမှ တာဝန်ယူ၍လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါလုပ်ငန်းများအားလုံး ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသဖြင့် ရေရရှိရေးလုပ်ငန်းအတွက် ကျေးရွာ()ရွာမှ အကျိုးပြုအိမ်ခြေ (၇၁၂)အိမ်၊ အကျိုးပြုလူဦးရေ (၄၀၀၇)ဦးတို့၏ သောက်သုံးရေဖူလုံစွာရရှိစေနိုင်မည်ဖြစ်ပြီး ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက် ပေးခြင်းအတွက် ကျေးရွာ() ရှိ တောင်သူများအတွက် အကျိုးပြုဧက(၅၇၀) အကျိုးပြုလူဦးရေ ၁၉၀၆ ဦးတို့၏ လယ်ယာထွက်ကုန်များ စျေးကွက်သို့အချိန်မီပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)