မအီမြို့၌  လမ်းတံတားဆိပ်များရှိ အလုပ်သမားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်

မအီ    မတ်   

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို၌ လမ်းတံတားဆိပ်များရှိ အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများ၊ ဝန်ထမ်းမိသားစုတို့အား အခမဲ့ကျန်းမာရေးစောက်ရှောက်ပေးခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖော်ပြပါ ကျန်းမာရေးစောက်ရှောက်ပေးခြင်းများကို မအီမြို့နယ်အတွင်းရှိ ရန်ကုန်-ကျောက်ဖြူ ပြည်ထောင်စုလမ်းမပေါ်၌ တည်ရှိသည့် စနဲပေါက်တံတားနှင့် လုံးတော်ပေါက်တံတားဆိပ်များရှိ လမ်းတံတားအလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများ၊ ဝန်ထမ်းမိသားစုများ၏ ဖျားနာလူနာ၊ ငှက်ဖျားလူနာ၊ ဒဏ်ရာရရှိလူနာ၊ သွေးတိုး/သွေးကျလူနာနှင့် ကိုယ်ဝန်ဆောင်မိခင်များအပြင် နှစ်အောက်ကလေးများ၊ နှစ်အောက်ကလေးများနှင့် နာမကျန်းသည့် သက်ကြီးရွယ်အိုများ စုစုပေါင်းလူနာ ၈၀ ခန့်တို့ကို ရုံးပိတ်ရက် ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို အဆိုပါတံတားဆိပ်များ၏ တာဝန်ခံအင်ဂျင်နီယာများ ဖြစ်သည့် ဦးအောင်ကျော်ထွန်းနှင့် ဦးဟိန်းဝင်းလတ်တို့က အကူအညီတောင်းခံလာခြင်းအပေါ် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက စီစဉ်ဆောင်ရွက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ရက်သတ္တပတ် များတွင်လည်း ဖော်ပြပါတံတားဆိပ်များသို့ တစ်ပတ်လျှင် ရက်စီ ပုံမှန်ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်ခြင်းများကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားသည်။

မောင်မောင်ဌေး(ပြန်/ဆက်)