ဒေါပုံမြို့နယ်တွင် လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး Talk Show အစီအစဉ်ရိုက်ကူးတင်ဆက်

ဒေါပုံ မတ် ၆

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ Online Media မှတစ်ဆင့် အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် Talk Show အစီအစဉ်ရိုက်ကူး တင်ဆက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်ကို ဆွေးနွေးရာ  ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေနှင့် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ဇင်ဇင်မော်တို့က ယနေ့ခေတ်လူငယ်များ လူမှုပေါင်းသင်းဆက်ဆံရေးကဏ္ဍ တိုးတက်စေရေး၊ မိမိတို့ဘဝအတွက် ရွေးချယ်ပေါင်းသင်းသင့်သည့် မိတ်ဆွေကောင်းများအကြောင်းနှင့် အပေါင်းအသင်း မိတ်ဆွေများကြောင့် ဘဝတွင်ပြောင်းလဲသွားနိုင်သည့် အခြေအနေများအကြောင်းစသည်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဉ်ကို ပြည်သူများ Online မှ ကြည့်ရှုနိုင်စေရေးအတွက် ဒေါပုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)