သိန္နီမြို့ မြို့လယ်ကျောင်းတိုက် ပရဝုဏ်အတွင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

သိန္နီ မတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင် သိန္နီမြို့တွင် တပေါင်းပွဲတော်ကာလအတွင်း လပြည့်နေ့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့လယ်ကျောင်းတိုက်ပရဝုဏ်အတွင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပင့်သံဃာတော်နှင့် ရှင်သာမဏေစုစုပေါင်း(၁၇၉)ပါး၊ သီလရှင်(၈၁)ပါးတို့က မြို့လယ်ကျောင်းတိုက်မှ တပေါင်းပွဲကျင်းပရာကွင်းအနီး လမ်းမတလျှောက် ကြွရောက်လာကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေစေတနာရှင်ပြည်သူများ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဒါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြကြောင်း မြို့နယ် ထေရဝါဒဗုဒ္ဓသာသနာနုဂ္ဂဟအသင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)