နမ်ဆန် မတ် ၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က နမ့်ဆန်မြို့ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၁) ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်ရှက်မေက ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေစိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန် ကြီးကြပ်ရေးအဖွဲ့များဖွဲ့ထားသည့်အတွက် မိမိတို့တာဝန်ယူရမည့်လုပ်ငန်းများအပေါ် ဝိုင်းဝန်းအကြံပြုပြောကြားလိုပါကြောင်း စာမေးပွဲဖြေဆိုမည့်ရက်နှင့် ဘာသာရပ်များအားအသိပေးပြောကြားခြင်း၊ စာစစ်ဌာနဖြစ်သည့်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ အပြင်လုံခြုံရေး၊ စာမေးပွဲကာလအတွင်း ရေအခက်အခဲမရှိစေရေးနှင့် လျှပ်စစ်မီးလင်းရေးစသည့်လိုအပ်သည့် ကိစ္စရပ်များကိုတင်ပြခဲ့ပြီး၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး၊ ဆရာ/မများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)