သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်လှူပွဲ အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မော်လမြိုင် မတ် ၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၂၀၂၃ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ အခမ်းအနားကို ယမန်​နေ့မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်​ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ထူးမခြားနား သီးချင်းခံဂုဏ်ပြုပူ​ဇော်ခဲ့ကြကာ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ ဇီနရံသီစာသင်တိုက် ဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ၊ ဘဒ္ဒန္တ နန္ဒနထံမှ ငါးပါးသီလခံယူ ​ဆောက်တည်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာ​ရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများက မဟာဂန္ထဝါစက ပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဌာနာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော်ကြီး (၁၇) ပါးနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၁)ပါးတို့အား သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ အသီးသီးဆက်ကပ်ပူ​ဇော်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အလှူရှင်များက သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်​တော်ရ ဆရာ​တော်ကြီးများကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ​လောင်းလှူခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မဟာဂန္တဝါ စကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါး၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်(၈)ပါး၊ မဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁)ပါး၊ ဂန္ဓဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၄)ပါး၊ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါး၊ သီလရှင် ဆရာကြီး (၁)ပါး၊ စုစုပေါင်း (၁၈)ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်းနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းလောင်းလှူငွေမှာ ၂၀၈၁၇၀၀၀/- (နှစ်ရာရှစ်သိန်း တစ်သောင်း ခုနှစ်ထောင်ကျပ်) ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ ဆက်)