သံဖြူဇရပ် မတ် ၆
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဂန္ဓကုဋိတိုက်အတွင်းရှိ မြတ်ဗုဒ္ဓရုပ်ပွါးတော် (၂၁) ဆူတို့အား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ကောင်းမှုကုသိုလ်အတွက် ဘဝနတ်ထံပျံလွန်တော်မူပြီးသော သြဝါဒါစရိယ ဆရာတော်ကြီးများ ကွယ်လွန်သွားပြီးဖြစ်သော ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များအား ရည်စူးရည်မှန်း၍ ရေစက်ချအမျှအတန်းပေးဝေခြင်း မင်္ဂလာအခမ်းအနားကို ယနေ့တပေါင်းလပြည့်နေ့ နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ အလှူရှင်များနှင့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ယနေ့ တပေါင်းလပြည့်နေ့တွင် ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)