မိုင်းငေါ့မြို့တွင် Mobile စနစ်ဖြင့် မန်လုံရပ်ကွက်မြို့မရိပ်သာဘုန်းကြီး‌ကျောင်းသို့  စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မိုင်းငေါ့ မတ်လ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဒေသနေပြည်သူများ ၊ ဌာနဆိုင်ရာဝန်ထမ်းများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် Mobile စနစ်ဖြင့်လှည့် လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီ အချိန်က မန်လုံရပ်ကွက် မြို့မရိပ်သာဘုန်းကြီးကျောင်းသို့  Mobile Library ကွင်း ဆင်းသွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများအတွက် သုတ/ရသစာအုပ်များ ဖြင့်အပတ်စဉ် Mobileစနစ်ဖြင့် ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)