မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် တပေါင်းလပြည့်နေ့၌ ဘုရားစေတီများတွင် ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကား

မိုးကုတ် မတ်

မန္တလေတိုင်းဒေသကြီးမိုးကုတ်မြို့နယ်တွင် တပေါင်းလပြည့်နေ့ မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး ရက်ကြီးများတွင် ပြည်သူများ  ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုများပြုလုပ်သည့် အလေ့အထများ ရှိကြသည်။

မိုးကုတ်မြို့နယ်၌  ယနေ့ကျရောက်သည့် တပေါင်းလပြည့်နေ့တွင်လည်း  ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ကောင်းမှုယူနိုင်ကြစေရန် မြို့နယ်အတွင်းရှိ ပတ္တမြားစေတီ၊ ဖောင်တော်ဦးစေတီ၊ မဟာမြတ်မုနိစေတီနှင့် ရွှေဂူကြီးစေတီစသည့် တန်ခိုးကြီးဘုရားများတွင် ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ တရားဘာဝနာများ နာယူလျက်ရှိကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)