ညောင်ရွှေ မတ် ၆
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု ပေါရိသတ်ကျေးရွာ၌ တည်ထားကိုး ကွယ်တော်မူသည့် ပေါရိသတ်ဓာတ်တော်မွေတော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ တပေါင်းလပြည့်နေ့ နေ့လည်(၁)နာရီက အဆိုပါမွေတော်ဘုရား ပရဝုဏ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ပတ်ဝန်းကျင်ဒေသရှိ ပင့်ကျောင်း(၅၀)ကျော်မှ သံဃာတော်အပါး (၁၅၀)ကျော်နှင့် သီလရှင်ဆရာလေး (၃၀)ကျော်တို့အား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်၊ အလှူရှင်များမှ ဆွမ်းဆန်တော်များ၊ ဆေးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သဒ္ဒါတရားထက်သန်စွာ လောင်းလှူခဲ့ကြကြောင်းနှင့် ယနေ့ တပေါင်းလပြည့်နေ့ နံနက်ပိုင်းတွင် အင်းလေးဒေသ နန်းပန်ကျေးရွာ အလိုတော်ပေါက်ဘုရား၌လည်း ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ