ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA)ဗဟိုမှ ကြီးမှူးကျင်းပသော (၃၈) ဖြာမင်္ဂလာတရားတော်ယဉ်းကျေးလိမ္မာ စာမေးပွဲ ဂုဏ်ထူးရ ရင်သွေးငယ်များ ဂုဏ်ပြုခြင်း အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ်  တက်​ရောက်

မော်လမြိုင်  မတ်  ၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဗုဒ္ဓဘာသာကလျာဏယု၀ အသင်း (YMBA)ဗဟိုမှ ကြီးမှူး ကျင်းပသော(၃၈) ဖြာမင်္ဂလာ တရားတော် ယဉ်းကျေးလိမ္မာ စာမေးပွဲ ဂုဏ်ထူးရ ရင်သွေးငယ်များ ဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ​မော်လမြိုင်မြို့၊ သာသနာဗိမာန်​တော်ကြီး၌ ကျင်းပပြုလုပ်ရာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများက အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ​မော်လမြိုင်မြို့၊ ​ဒေါ်လန်းကျောင်းတိုက်၏ ဦးစီးပဓါန မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဉာဏကုတ္တရထံ ငါးပါးသီလ ခံယူ​ဆောက်တည်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာ​ရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့သည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်​တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (YMBA) နာယကတို့က ဆရာတော်ကြီး နှစ်ပါးအား ဂုဏ်ပြုလက်မှတ် ဆက်ကပ်ပူ​ဇော်ခဲ့ကြကာ ဆရာ​တော်၊ သံဃာ​တော်အရှင် သူမြတ်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများက (၃၈) ဖြာ မင်္ဂလာတရားတော် ယဉ်​ကျေးလိမ္မာ စာမေးပွဲတွင် အလတ်တန်းအထူးဆု၊ အငယ်တန်းပထမဆု၊ ဒုတိယဆုရရှိကြသည့် အထူးအောင် မင်္ဂလာမောင်မယ်​လေးများအား ဂုဏ်ပြုဆုများ ​ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အနုမောဒနာ တရားနာယူ ကြည်ညို၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍  ရုတ်သိမ်းခဲ့ကြကာ မင်္ဂလာမောင်မယ်​လေးများအား အဟာရဒါန လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)