သံတွဲ မတ် ၅
တပ်မတော်နယ်လှည့်ဆေးကုသရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယမန်နေ့နံနက် ၈:၃၀နာရီက ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်က္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ဆိပ်ကမ်းသို့ရောက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သောင်းသာင်းဖြဖြကြိုဆိုခဲ့ကြသည်။
ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၊ ခွဲစိတ်ရောဂါ ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ ၊ အရိုးရောဂါ ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါနှင့် သွားနှင့်ခံတွင်းရောဂါဆိုင်ရာ လူနာ စုစုပေါင်း (၁၃၀၃)ဦးတို့ကို (အခမဲ့) ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးကုသဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)ပေါ်ရှိ ခွဲစိတ်လူနာများနှင့် မျက်စိခွဲစိတ်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့် မျက်မှန်များ ပေးအပ်ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
နေမျိုးအောင် (ပြန်/ဆက်)