မိုးနဲမြို့နယ်၌ တပေါင်းလပြည့်နေ့ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိုးနဲ မတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊  မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲ‌ဖြစ်သော (တပေါင်းလပြည့်‌နေ့) မြတ်ဗုဒ္ဓပြည်‌တော်ဝင် အခါတော်နေ့ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မိုးနဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၄၅) ကျောင်းမှ ပင့်သံဃာတော် (၈၀၀) ပါး‌ကျော် ကြွရောက်ခဲ့ပြီး စုရပ်‌နေရာဖြစ်သော နာဟောင်ရပ်ကွက် ရပ်တော်မူဘုန်းတော်ကြီးကျောင်းမှ စတင်၍ ‌ရှေး‌ဟောင်းဘုရား မင်းသားကြီးစေတီတော်၊ မြောက်နှစ်ကျိပ်ရှစ်ဆူဘုရားနှင့် ပြည်ထောင်စု လမ်းမကြီး နေရာတို့တွင် လောင်းလှူအပူ‌ဇော်ခံခဲ့ကြရာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဦးဆောင်သော ဌာနဆိုင်ရာ အဖွဲ့များ၊ မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ ဦးဆောင်သော နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားမိသားစုများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများက ဆန်၊ ဝတ္ထုငွေ၊ ဆေး၊ အချိုရည်၊ ပန်းနှင့် မုန့်မျိုးစုံတို့ကို စည်ကားသိုက်မြိုက်စွာ လောင်းလှူပူဇော်ခဲ့ကြကြောင်းနှင့် ပင့်သံဃာတော်များက ရပ်တော်မှု ဘုန်းတော်ကြီးကျောင်းရှေ့ထိတစ်ပတ် လောင်းလှူအပူဇော်ခံခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)