မူဆယ်မြို့၌(ဒုတိယအကြိမ်) မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

မူဆယ်  မတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က လေယာဉ်ကွင်းပြင်မှသိန်းသန်းချီ ကားကွင်းသွားရာ လမ်းတစ်လျှောက်အထိ (ဒုတိယအကြိမ်) မူဆယ်မြို့ နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းပွဲ မကျင်းပမီ နံနက် ၁၀ နာရီခွဲအချိန်က လွယ်တိန်ခမ်း တောင်အောက်ရှိ ဓမ္မဗလဝိဟာရကျောင်းတိုက်၌ မူဆယ်ခရိုင်အတွင်းရှိ မုံးကိုး၊ မန့်ဟီးရိုး၊ ပန်ဆိုင်း (ကြူကုတ်)မြို့များမှ လာရောက်သည့် ရပ်ဝေး ရဟန်း၊သံဃာတော်များအား မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့်အဖွဲ့များက ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကြက်ဆီထမင်း၊ အချိုရည်များ၊ မုန့်စသည်များကို ကုန်ကျတန်ဖိုးသိန်း(၁၅၀)ခန့်ကိုဆွမ်း‌ လောင်းလှူသူများအားစတုဒီသာများလည်း အခမဲ့ ကျွေးသည်။ နေ့လည်()နာရီအချိန်၌လွယ်တိန်ခမ်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာ ကမ္မဌာနစရိယ)ထံမှ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုး ဦးဆောင်မှုဖြင့် မူဆယ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် ပရဟိတ အသင်းအဖွဲ့များက ဩကာသ ၃ ကြိမ်ရွတ်ဆိုခြင်း၊ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်ထံမှ ဟောကြားသော တရားများနာယူခြင်းနှင့် ရေစက်ချအမျှဝေခြင်း ပြုလုပ်ခဲ့သည်။ ဆက်လက်ပြီး ရဟန်း၊ သံဃာတော်၊ သီလရှင်အပါး (၁၃၀၀)အား မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့်တကွ ဌာနဆိုင်ရာများ၊ ဒေသခံစေတနာရှင်ပြည်သူများက စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ရာ ဝတ္ထုငွေ တန်ဖိုးသိန်းပေါင်း (၂၀၀၀)ထောင်ကျော် လှူဒါန်းဆက်ကပ်နိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)