သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး၊ ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်

ချောင်းဆုံ မတ် ၄

သဘာဝဘေးကျရောက်လျှင် ကြံခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့် ပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့ဇီးကုန်းကျေးရွာသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ သွားရောက်ခဲ့ကာ နေအိမ်အမိုးအကာ ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဘေးသင့်နိုင်သည့် ပင်လယ်ကမ်းစပ်ကျေးရွာများဖြစ်သည့် ဆယ်ပလာ၊ ဇီးကုန်း၊ ကမာကေးနှင့် ချောင်းဆုံအနောက်ရပ်ကွက်တို့ရှိ ဆင်းရဲနွမ်းပါးပြီး ကြံ့ခိုင်မှုမရှိသော နေအိမ်များကို မြို့နယ် (ဘေး/စီမံ) အဖွဲ့မှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင် များတို့မှ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)