အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Surgical Mask (၅၀၀၀)ကို လာရောက် လှူဒါန်း

ရန်ကုန်     စက်တင်ဘာ ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Surgical Mask (၅၀၀၀) လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့်စင်တာတွင် လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများ သုံးစွဲနိုင်ရန်အတွက် Grand Royal Group Int’I Co,Ltd ကိုယ်စား တာဝန်ရှိသူ များက လှူဒါန်းရာ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ ဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူး တင်စကား ပြန်လည် ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
ဆက်လက်၍ Grand Royal Group Int’I Co,Ltd ကိုယ်စား တာဝန်ရှိသူများက Surgical Mask(၅၀၀၀) စီကို သင်္ဃန်းကျွန်း၊ အလုံမြို့နယ်များရှိ Community Based Quarantine Center များနှင့် We Love Thanlyin အဖွဲ့သို့ သွားရောက်၍ လှူဒါန်းသွားမည်ဖြစ်သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)