ရွှေ ပြည်သာ စက်တင်ဘာ ၃၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမပျံ့ပွားစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ပိုးတွေ့လူနာများနှင့်ဆက်စပ် ထိတွေ့သူများကို အမှတ်(၈) ရပ်ကွက် ရှိအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း Quarantine Centre တွင်ထားရှိရာ အဆိုပါ ဆက်စပ်ထိတွေ့သည့် မိသားစုဝင်(၇၅)ဦး အတွက် အမှတ်(၇)ရပ်ကွက်နှင့်အမှတ်(၈)ရပ်ကွက်မှ အလှူရှင် မိသားစုများစုပေါင်းပြီး တစ်နေ့တာ အဟာရဒါန ထမင်းဘူး(၁၅၀)ဘူးအား ယမန်နေ့ နေ့လည်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့သည်။
အဆိုပါ လှူဒါန်းမှုတွင် အမှတ်(၇) ရပ်ကွက်နှင့်အမှတ်(၈)ရပ်ကွက် အလှူရှင်မိသားစုဝင်များက Quarantine Centre တွင် ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့သူများအားနံ နက်စာ၊နေ့လည်စာ၊ ညနေစာများကို အခါအားလျော်စွာ သွားရောက် လှူဒါန်းပေးမည်ဖြစ်ကြောင်းနှင့်၄င်းမိသားစုဝင်များအား အဟာရဒါန ထမင်းဘူး(၁၅၀)ဘူအား လာရောက်လှူဒါန်းရာ ကိုဗစ်-၁၉ ကော်မတီဝင်များက လက်ခံရယူ ခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးမိုး (ပြန်/ဆက်)