ငါန်းဇွန် မတ် ၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ညနေ ၃ နာရီအထိ မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြင်းထန်တီဘီ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယိုအကြောသေ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော၊ ဂျပန်ဦးနှောက်ရောင်နှင့် ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ် ဆေးများကို လာရောက်ထိုးနှံကြသော မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာများမှ မွေးစမှ ၂ နှစ်အောက် ကလေးငယ် (၁၅၉) ဦးအား ထိုးနှံ/တိုက်ကျွေးပေး ခြင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင် (၁၄) ဦးအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
က်နောင်ဦး(ငါန်းဇွန်)