ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ဆက်လက်ထုတ်ပေး

ပင်လောင်း မတ် ၃

၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပမည်ဖြစ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူ ကျောင်းသား၊ ‌ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက် ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပင်လောင်းမြို့ နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က နောင်တရား၊ အ.ထ.က-တီကျစ်၊ အ.ထ.က-ပင်ခွန်၊ အ.ထ.က-တင်းထက်တို့ဖြင့် စာစစ်ဌာန(၅)ခုဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား(၁၀၉)ဦး၊  ကျောင်းသူ(၂၁၁)ဦး စုစုပေါင်း(၃၂၀)ဦး၊ အ.ထ.က-နောင်တရားတွင် ကျောင်းသား(၄၉)၊ ကျောင်းသူ(၉၀)ဦး စုစုပေါင်း(၁၃၉)ဦး၊ အ.ထ.က-တီကျစ်တွင် ကျောင်းသား(၁၅)ဦး၊ ကျောင်းသူ(၄၈)ဦးစုစု ပေါင်း(၆၃)ဦး အ.ထ.က-ပင်ခွန်တွင် ကျောင်းသား(၁၀၇)ဦး ကျောင်းသူ (၁၇၀)ဦး စုစုပေါင်း( ၂၇၇)ဦး၊ အ.ထ.က-တင်းထက်တွင် ကျောင်းသား(၁၃)ဦး၊ ကျောင်းသူ(၄၇)ဦး၊ စုစုပေါင်း(၆၀)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)