ကျိုင်းတုံ မတ် ၃
နေပြည်တော်၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်များတွင်ကျင်းပမည့် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မျက်စိရောဂါ စမ်းသပ်စစ်ဆေးခွဲစိတ်ကုသမှုများကို ယနေ့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ မျက်စိရောဂါ ပြင်ပလူနာစုစုပေါင်း ၁၂၀ ဦး၊ ခွဲစိတ်လူနာအတွင်းတိမ်၊ မျက်သားခြစ်ခြင်း၊ မျက်ကြည်လွှာချုပ်ခြင်း၊ ပြည်တည်အနာဖောက်ခြင်း စုစုပေါင်း ၂၈ ဦး၊ မျက်မှန်စစ်ဆေးပေးခဲ့သည့် လူနာ ၄၀ ဦး တို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျိုင်းတုံအကျဉ်းထောင်တွင် မျက်စိစမ်းသပ်စစ်ဆေးသူ လူဦးရေ ၁၀၀ ဦးရှိပြီး မျက်စိမှုန်ခြင်း၊ မျက်စိယားယံခြင်းနှင့် မျက်ရည်ပူကျခြင်းများ အများဆုံးတွေ့ရှိခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)